Wednesday, August 31, 2011

နေတာချီ ဆူဘတ်ချန်ဒရာဘို.စ် ပျောက်ဆုံးမှုရှာဖွေခြင်း။

နေတာချီ ဆူဘတ်ချန်ဒရာဘို.စ် ပျောက်ဆုံးမှုရှာဖွေခြင်း။
(အိန်္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါး)
လန်ထောင်စပ်စုလေး

စာရေးသူ၏ဖခင်ဖြစ်သူ မြန်မာနိုင်ငံသားတရုပ်လူမျိုး၊ စော်ဘွားစပ်စု ခေါ် လန်ထောင် ဦးစပ်စု (၁၉၀၁-၁၉၆၆) သည်နိုင်ငံရေးနှင့် အတ္ထုပ္ပတ်္တိစာအုပ်(၃)အုပ်ကိုမြန်မာဘာသာဖြင့်ရေးသား ထုက်ဝေနိုင်ခဲ့ပါသည်။ ၎င်းစာအုပ်များအနက် ၁၉၆၃ ခုနှစ်ထုတ် “ဦးစပ်စု၏(၇၅)နှစ်အကြား (၄၉)နှစ်အမြင် ဗမာပြည်” စာအုပ်လည်း အပါအ၀င်ဖြစ်ခဲ့ပါသည်။ ၎င်းစာအုပ်ကို အဖေဦးစပ်စု သည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ အာရှတိုက်ငြိမ်းချမ်းရေး၊ တရုတ်မြန်မာအိနိ္ဒယချစ်ကြည်ရေး ရည်မှန်းချက်များဖြင့် ရေးသားထုတ်ဝေခဲ့ပါသည်။ အထူးသဖြင့် တရုတ်နှင့်အိနိ္ဒယပဋိပက္ခ ဖြစ်ပွား ချိန်(၁၉၆၃)ခုနှစ်တွင် အမြန်ဆုံးငြိမ်းစေလိုသောဆန္ဒဖြင့် ဤစာအုပ်ကိုရေးသားထုတ်ဝေခဲ့ပါသည်။
ဤစာအုပ်ပါဆောင်းပါး(၂၄)ပုဒ်အနက်၊ (၇)ပုဒ်မှာ အိနိ္ဒယနိုငံ၏အမျိုးသားခေါင်းဆောင်ကြီး တဦးဖြစ်သော နေတာချီဆူဘတ်ချန်ဒရာဘို.စ်နှင့် တိုက်ရိုက်ပတ်သက်သောဆောင်းပါးများဖြစ် ပါသည်။ ဤဆောင်းပါးများပါ တချို.သောစာကြောင်းများသည် အိနိ္ဒယပြည်သူများနှင့်ကမ္ဘာက မသိသေးဘဲ၊ နေတာချီဆူဘတ်ဆန်ဒရာဘို.စ်ပျောက်ဆုံးမှုဖော်ထုတ်ရေးအတွက် တနည်းတလမ်း အထောက်အကူပြုနိုင်သည်ဟုစာရေးသူ ယူဆပါသည်။
Mission Netaji (မစ်ရှင်နေတာချီ) နှင့်တကွ၊ မဏိပူရ၊ မွေ.ရန်း၊ နာဂ စသော အိန်္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ်များမှ မိတ်ဆွေများ၏တိုက်တွန်းချက်အရ၎င်း၊ မြန်မာ့ဒီမို ကရေစီရေးလှုပ်ရှားနေသူများ၏ တိုက်တွန်းချက်အရ၎င်း၊ ယခုဆောင်းပါးကိုစာရေးသူ ရေးသား ပါသည်။ မစ်ရှင်နေတာချီ မှအင်္ဂလိပ်လိုရေးသားပေးရန်တောင်းဆိုသဖြင့်၊ အင်္ဂလိပ်လို ဘာသာ ပြန်ရလွယ်ကူစေရန်နှင့် အချက်အလက်မှန်ကန်စေရန်သာ အဓိကထား ရေးသားပါသည်။
++++++++++++

စာရေးသူ၏အဖေ လန်ထောင်ဦးစပ်စု၏ နေတာချီဆိုင်ရာဆောင်းပါးခေါင်းစဉ် များမှာ အောက်ပါ အတိုင်းဖြစ်သည်။
အခန်းစဉ် (၉) ဒေါက်တာဘဟန်အိမ်ဗုံးကျစဉ်က။
အခန်းစဉ်(၁၄) ဒေါက်တာဘမော်၏ပြောပြချက်။
အခန်းစဉ် (၁၅) အိနိ္ဒယသံရုံးသို့ပို့သည့်စာတစောင်။
အခန်းစဉ်(၁၆) ကြုံခဲ့ရသည်။
အခန်းစဉ်(၁၇) တိုကျိုတွင်အတူတူမျက်ရည်ကျခဲ့သည်။
အခန်းစဉ်(၁၈) ၁၂-နှစ်တိုင်မမေ့နိုင်။
အခန်းစဉ်(၁၉) ကွေကွင်းကွဲကွာ။

၎င်းဆောင်းပါးများအနက် အခန်းစဉ်(၉)နှင့်(၁၅)ပါ အကြောင်းအရာများသည် အောက်ပါ အခန်းစဉ်(၁၅)ပါ အိန်္ဒိယ၀န်ကြီးချုပ် ပန်ဒစ်ဂျဝါဟာလာနေရူးအား ၀န်ကြီးချုပ်ဦးနု၊ တရုပ်အမျိုးသား ဦးစပ်စုနှင့် မြန်မာအနုပညာရှင် ခင်မေညွန့်တို့၏ ရန်ကုန်မင်္ဂလာဒုံ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ပုံ ဓါတ်ပုံနှင့် ၁၆-၁၀-၁၉၅၇ နေ့အင်္ဂလိပ်လိုထုတ်ဝေသည့် နေးရှင်းသတင်းစာ မှ သတင်းစာဖြတ်ပိုင်းစာသားတို့မှ သိသာနိုင်လောက်သဖြင့် စာရေးသူအကြီးချဲ့၍ ပြန်ကူးထား သည်များကိုလေ့လာနိုင်ဖတ်ရှုကြည့်ကြစေလိုပါသည်။
       
           

“SAWBWA SATSU” WILL JOIN    
INDIAN MISSION TO JAPAN
------------------------------------
SAYS, “ SUBHAS BOSE WAS MY FRIEND,
I WISH TO PAY MY LAST RESPECTS”
From Our Staff Reporter
U Sat Su Of  746 Dalhousie Street, Friend of  Presidents and Prime Ministers,  who once donated Rs.100,000 to Bogyoke Aung  San’s , Army  Amenities Fund, and who recently made the headlines or “ Sawbwa Satsu ,” has decided he now wishes to be know as “India Satsu.”
This decision coincides with the coming of Pandit Jawaharlal Nehru, the Indian Prime Minister, to Burma. U Sat Su has only a hearing acquaintance with Mr. Nehru, but he claims to have been a personal friend and condutance of the late Subhas Chandra Boes.
U Sat Su ,who sometimes acted as  “Mr.Fixn” for Bogyoke  Aung San, whenever a ticklish problem had to be settled with the Japanese ,says that he once secured the release of several rich Indians  who had been arrested by the Japanese on suspicion of being British agents ,and  that Subhas Chandra Bose was grateful to him for the favor done to the Indian community.
Subhas Chandra Boes was first with U Sat Su on  February 14, 1945, when they both sped to Dr. Ba Han’s house at the 7th mile , after a bombing raid.
Now that the death of Mr. Bose has been established, “India Sat Su ” wishes to go to New Delhi and join the mission which is to journey to Japan, to receive Mr. Bose remains. In a letter addressed to the Indian Embassy yesterday, U Sat Su wrote.
I hear from the newspapers that Pandit Jawaharlal Nehru, Prime Minister of India, has promised aspecial mission to go from India to Japan to receive the remains of your great leader and patriot, the late Subhas Chandra Bose.
During the last war, I had the honour to be associated of the work of the late Bogyoke Aung San and Subhas Chandra Bose. I met several times with the leader when the Indian Independence movement was being discussed with Japan’s General Kawabe. My last meeting with him was in 1945, when we both hurried to Dr. Ba Han’s house after it were bombed. At that time, there was an explosion over the house and an unexploded 100-lb bomb outside Dr. Ba Han’s trench.
Mr. Bose showed much concern over the safety of our leaders and I talked with him for a while ashe examined the unexploded bomb. After wards, I heard he was killed in an air crash.
It is consequently, as an admirer and a friend of Mr. Bose that I now request your assistance to enable me to join the official mission when it starts out from New Delhi to bring home Subhas Chandra Bose’s  ashes. I shall journey to India at my own expense and although a citizen of Burma and proud to be one, I wish to don Indian clothes and in that guise pay my last respects to Subhas Chandra Bose, who tome is the Bogyoke Aung San of Burma.
Since your great leader Pandit Jawaharlal Nehru will be visiting Burma soon, perhaps I may hope for these sentiments of mine to be conveyed to him, with my kindest regards. When he was here for the Water festival in 1955, I had the pleasure of throwing two bowlful of water on him. He was then dressed like a Burman and so he should be sampling to the idea of my dressing like an Indian for a very special occasion.
16-10-57
မြန်မာလိုအကျဉ်းချုပ်မှာ “ စော်ဘွားစပ်စု ဂျပန်သွားမည့် အိန်္ဒိယမစ်ရှင်နှင့်ပူးပေါင်းလို၊ ဆူဘတ်စ်ဘို့စ်သည် ကျွန်ုပ်၏မိတ်ဆွေ၊ နောက်ဆုံးဂါရ၀ ပြုလို”ဟုပြောကြား၊ ကျွန်ုပ်တို့၏ သတင်းထောက်ရေးသည်။ ၇၄၆-ဒလဟိုဇီလမ်းတွင် နေထိုင်သူ၊ သမတကြီးများ၊ ၀န်ကြီးချုပ်ကြီးများ၏ မိတ်ဆွေ၊ တခါက ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်ရန်ပုံငွေ အတွက် ရူပီးငွေ ၁-သိန်း လှူဒါန်းခဲ့သူ စသည်ဖြင့် စာလုံးမည်းခေါင်းစည်းတပ်ထားလျက် အောက်ပါ အိန်္ဒိယသံရုံးသို့ ပို့သည့်စာပင်ဖြစ်ပါသည်။ စာမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး အဖေ ဦးစပ်စု၏ စာအုပ်တွင် ထိုစာ၏အနက်အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့် ဆီလျော်အောင် ပြန်ဆိုရေးသားထားသည်မှာအောက်ပါအတိုင်းဖြစ်ပါသည်။.

အိန်္ဒိယသံရုံး (ရန်ကုန်မြို့)
နေ့စွဲ။ ၁၄-ရက်။
အောက်တိုဘာ ၁၉၅၇။
သက်ဆိုင်ရာလူကြီးမင်းများခင်ဗျား။

အိန်္ဒိယ၀န်ကြီးချုပ် မစ္စတာနေရူးသည် ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာရှိရာ ဂျပန်ပြည် တိုကျိုမြို့အနီး(အန်ကူတီ) ဂျပန်ဘုရားရှိခိုးကျောင်းသို့သွားပြီး ရွှေသားအစစ်ဖြင့်ပြုလုပ်ထားသော ရွှေကျောင်းဆောင်ကို ကိုယ်တိုင်ထည့်သွင်းကြောင်းသိရ၍ များစွာပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါသည်။ ပြီးလျှင် ၀န်ကြီးချုပ်မစ္စတာနေရူးဦးစီးသော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ဆူဘတ်ချန်ဒရာဘို့(စ်) အရိုးပြာသေတ္တာကို အိန်္ဒိယသို့ယူဆောင်လာမည့် အကြောင်းကိုလည်း သတင်းစာအသီးသီး၌ ဖတ်ရှု တွေ့မြင်ရပါသည်။
ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်သည် လွန်စွာမှခင်မင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဆူဘတ်ချန်ဒရာဘို့(စ်)နှင့် ကျွန်တော်တို့သုံးဦးသည် လွန်စွာမှ ခင်မင်ရင်းနှီးသော ရဲဘော်ရဲဘက်၊ ဂျပန်ခေတ်က အလုပ်အတူတွဲလုပ်ဘက်များ ဖြစ်ကြပါသည်။
ဂျပန်ခေတ်တွင် ဒေါက်တာဘမော်၏ အစ်ကို(ဒေါက်တာဘဟန်)အိမ်ကို ဗုံးကျစဉ်ဝယ် ကျွန်တော်နှင့် ဆူဘတ်ချန်ဒရာဘို့(စ်)သည် ပေါင်၁၀၀-ရှိသည့် မပေါက်ကွဲသော မီးလောင်ဗုံးကို တစ်ဖက်စီကိုင်၍ မခဲ့သူများ ဖြစ်ကြပါသည်။ ဤသို့ ခင်မင်ရင်းနှီးသော ကိုယ့်မိတ်ဆွေ ဆူဘတ်ချန်ဒရာ ဘို့(စ်)၏ အရိုးပြာကို ဂျပန်ပြည်မှ အိန်္ဒိယပြည်သို့ ယူဆောင်မည့် ကော်မတီတွင် လိုက်ပါခွင့် ပြုပါမည့် အကြောင်း ပန်ကြားအပ်ပါသည်။
၁၉၅၅-ခုနှစ်၊ ဧပြီလ ၁၅-ရက် နေ့က ဗမာပြည် တွင် တရုပ်ပြည်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန်္ဒိယ ၀န်ကြီးချုပ် မစ္စတာနေရူး၊ အာရပ်ပြည်ထောင်စု သမ္မတ နိုင်ငံမှ သမ္မတ ကာနယ် ရာဇတ်တို့သည် သင်္ကြန် ရေသဘင်ကို တိုင်းရင်းသားမြန်မာဝတ်စုံဖြင့် ပါဝင်ဆင်နွဲခဲ့ကြပါသည်။
ထို့ကြောင့် ကျွန်တော်လည်း ဂျပန်ပြည်မှ ဆူဘတ်ချန်ဒရာဘို့(စ်)၏ အရိုးပြာသေတ္တာကို အိန်္ဒိယပြည်သို့ ယူဆောင်လာသော အခါ၌ ကျွန်တော်သည် အိန်္ဒိယအမျိုးသားဝတ်စုံကို ၀တ်ပြီး သွားပါမည့်အကြောင်း။
ချစ်ကြည်လေးစားစွာဖြင့်
ဦးစပ်စု

၎င်းဆောင်းပါး၏နိဂုံးပိုင်းတွင်အဖေဦးစပ်စုမှအောက်ပါအတိုင်းလည်းရေးသားထားပါသည်။
နေတာချီဆူဘတ်ချန်ဒရာဘို.စ်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဂျပန်ဗိုလ်ချုပ်ယာနာကိမူဒါနှင့် အဖေ ဦးစပ်စုတို.သည် “မတိုက်သင့်သောတရုတ်ပြည်မကိုစစ်သွားတိုက်၍ ဂျပန်စစ်သား သိန်း၃၀-သိန်း၄၀-ခန်.သည် နွံထဲနစ်ပြီးနှုတ်လို.မရတော့ကြောင်း၊ ထိုသို.မဟုတ်ဘဲ ၎င်းစစ် အင်အားဖြင့် အိနိ္ဒယပြည်ဘက်ကိုဆက်လက် တိုက်ခိုက် သိမ်းပိုက်လိုက်မည်ပါက အခုလောက်ဆိုရင် အိနိ္ဒယ သည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ပြီဖြစ်ကြောင်း၊ အာရှတိုက်ကြီးတွင်အိနိ္ဒယ၊ တရုတ်၊ ဗမာနှင့် နီပွန်ဂျပန်တို.ပေါင်းစပ်မိရင်၊ မျက်နှာဖြူဥရောပတိုက်သားတွေကိုကြောက်နေဖို. မလို ကြောင်း၊ အင်္ဂလိပ်ဆိုသည်မှာအမှန်တော့ စက္ကူကျားရုပ် သာဖြစ်ကြောင်း၊” ပြောဆို ဆွေးနွေး ကြပုံများ ရေးသားထားပါသည်။
အဖေဦးစပ်စုသည် ဆူဘတ်ချန်ဒရာဘို.စ်နှင့်နေ့စဉ်လိုလိုတွေ.ရကြောင်း၊ မစ်္စတာဘို့စ်သည် ဦးစပ်စုပိုင်ရန်ကုန်မြို. ဒလဟိုဇီလမ်းနှင့် ဂေါ်ဒွင်လမ်းဒေါင့်ရှိ လန်ထောင်ဟော်တယ်သို့ INA အဖွဲ့ သားများနှင့်အတူ မကြာခဏလာရောက် တည်းခို စားသောက်ပြီး၊ ဂျပန်စစ်ဗိုလ်များနှင့်၎င်း၊ BIA, BDA ဗမာစစ်ဗိုလ်များနှင့်၎င်း၊ ဦးစပ်စုတို့၏ တရုတ်အမျိုးသားဗြန်ဟတ်ဗွေအသင်းသားများနှင့်၎င်း၊ မကြာခဏတွေ.ဆုံဆွေးနွေး အမြင်ခြင်းဖလှယ်လေ့ရှိကြကြောင်း။ ဂျပန်မှနောက်ထပ် တပ်ကူများ အမြန်ဆုံးပို.ရေး၊ ဟားခါး+ထန်တလန်၊ မီဇိုယန်မှတဆင့် ကာလကတ္တားသို. စစ်မျက်နှာသစ် ဖွင့်ရေး (၁၈၂၄ အင်္ဂလိပ်တို.နှင့် ဘင်္ဂလားတနယ်လုံး တုန်လှုပ်ချောက်ခြားစေခဲ့သော မြန်မာ စစ်သူကြီးစစ်သူကြီး မဟာဗန္ဓုလ နှင့် မြ၀တီမင်းကြီးဦးစ တို.၏စစ်လမ်းကြောင်း ရွေးချယ်ပုံ အတိုင်း ရခိုင်( RAMU)ရာမူ မှ ကာလကတ္တား သို. စစ်မျက်နှာသစ်ဖွင့်ရေး) များ ဆွေးနွေး ကြကြောင်း။ ထိုဆွေးနွေးပွဲများ၌ ရှေ.ပိုင်းတွင် British Supply များကိုဖြတ်တောက်သင့်ပုံများ ပါဝင်ပြီး ဗိုလ်ချုပ်ကြီးချာလီဝင်းဂိတ်တို. အိနိ္ဒယပြည်သူတို.၏ကျွမ်းကျင်မှုများကိုစစ်ရေး၌ စနစ်တကျ အသုံး ချသွားကြောင်း ပါဝင်သလို၊ ၎င်းနမူနာကိုဂျပန်တို.အတုယူသင့်ကြောင်း။ လည်း ပါဝင်ခဲ့ပါ သည်။
ဂျပန်တို.မိမိကိုယ်ကို အထင်ကြီးလွန်းမသင့်ဘဲ၊ အိနိ္ဒယစစ်မျက်နှာ စစ်အင်အားကို အလုံ အလောက်အပြည့်အ၀သုံးသင့်ကြောင်း၊ အိနိ္ဒယအမျိုးသားတပ်မတော် တပ်မတော် INA ကို အပြည့်အ၀ ဦးဆောင်ခွင့်ပေးသင့်ကြောင်း၊ အိနိ္ဒယက အိနိ္ဒယကို တိုက်ခိုက်ဖို.မလိုလားကြောင်း များလည်းပါဝင်ပါသည်။
နောက်ပိုင်းတွင်ဂျပန်ဖက်ဆစ်တို့၏ မြန်မာပြည်သူများ၊ အိနိ္ဒယပြည်သူများ နှင့် INA အဖွဲ.သားများအပေါ် ရက်ရက်စက်စက် နှိပ်စက်စော်ကားမှုများကို မျက်ဝါးထင်ထင် တွေ.မြင်လာ ရ၍ မကြာခဏဂျပန်တို.နှင့်ကတောက်ကဆဖြစ်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း(BCP)။  သခင်စိုး(BCP) တို.ကဲ့သို. ဂျပန်ဖက်ဆစ်ကိုအချိန်သင့်ပါက တော်လှန်ရန် နေတာချီသည် ကြံစည် စိတ်ကူးပြီး ဖြစ်သော်လည်း လက်တွေ.အကောင်အထည်ဖော်ခွင့်မရခဲ့၊ ဟုစာရေးသူ ယူဆပါသည်။

အခန်းစဉ်(၁၇) တိုကျိုတွင်အတူတူမျက်ရည်ကျခဲ့သည် ဆောင်းပါးအတွက်လည်း ထိုဆောင်းပါးတွင် ဖေါ်ပြထားသည့် အောက်ပါ နေတာချီဓါတ်ပုံနှင့် ဟင်ဒီ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ် ဘာသာထုတ် သတင်းစာဖြတ်ပိုင်းဓါတ်ပုံများကို လေ့လာကြည့်စေလိုပါသည်။





       

(From The Nation Newspaper 1957, December 27.)
SAWBWA SAT SU KEEPS HIS WORD: “Sawbwa” Sat Su, businessman, bon vivant and friend of Netaji Subhas Chandra Bose was as good as his word when he said he would join the official Indian Mission going to Tokyo to receive the ashes of the late Mr. Bose. When the Mission was delayed, U Sat Su went to Japan on his own, and received VIP treatment in Tokyo. Here he is seen with the head priest of the Shrine (40miles from the city) where the ashes of the late Subhas Chandra Bose are enshrined. With them (on extreme left) is Mr.D.Hejmadi, First Secretary (Commercial), Indian Embassy in Tokyo.
(၁၉၅၇-ခုနှစ်၊ ဒီဇင်ဘာလ ၂၇-ရက်နေ့ထုတ်အင်္ဂလိပ်နေးရှင်း သတင်းစာမှ) -
စော်ဘွားစပ်စု စကားတည်  ။ နေတာချီဆူဘတ်ချန်ဒရာဘို.စ်၏ မိတ်ဆွေ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် (မြန်မာပြည်၌)ကောင်းစွာလုပ်ကိုင်စားသောက်သူ “စော်ဘွားစပ်စု” သည် မစ်္စတာဘို့စ်၏ ကြွင်းကျန်ရစ်သော အရိုးပြာကို လက်ခံရန်၊ တိုကျိုသို့သွားမည့် တရားဝင်အိန်္ဒိယမစ်ရှင်နှင့် ပူးပေါင်းရန်ပြောကြားခဲ့သည့်အတိုင်း သူ့စကားသူတည်ခဲ့ပါပြီ။ ၎င်းမစ်ရှင် နှောင့်နှေးနေသဖြင့် ဦးစပ်စုသည် မိမိအစီအစဉ်ဖြင့် ဂျပန်သို့သွားရောက်ခဲ့ရာ တိုကျိုမှ အရေးကြီးပုဂ်္ဂိုလ်အဖြစ် လက်ခံခဲ့ပါသည်။ ဤပုံ၌ မြို့တော်၏ မိုင် ၄၀-ကွာ၊ ကွယ်လွန်သူ ဆူဘတ်ချန်ဒရာဘို.စ်၏ အရိုးပြာများကို ထိန်းသိမ်းကိုးကွယ်ထားသည့် ဂျပန်ဘုရားရှိခိုးကျောင်းတော်၏ နာယက ဘုန်းတော်ကြီးနှင့်အတူတွေ့နိုင်ပါသည်။ သူတို့နှင့်အတူ (လက်ဝဲဖက်အစွန်ဆုံး)မှာ တိုကျိုမြို့ အိန်္ဒိယသံရုံး ကုန်သွယ်ရေးဆိုင်ရာ ပထမအတွင်းဝန် မစ်္စတာ ဒီ ဟစ်ဇ်မာဒီ ဖြစ်ပါသည်။
++++++++

အခန်းစဉ်(၁၆)ဆောင်းပါး၌အဓိကအားဖြင့် အဖေဦးစပ်စုသည် ထိုစဉ်ကမြန်မာနိုင်ငံရန်ကုန် မြို.ရှိအိနိ္ဒယသံရုံးပထမအတွင်းဝန်(D.Muruge San)မှ ဆူဘတ်ချန်ဒရာဘို.စ် အရိုးပြာ သွားရောက် ယူဆောင်ပါကသူ.အားအကြောင်းကြားမည့် အကြောင်းရေးထားပါသည်။ နာတာချီသည် အင်္ဂလိပ်၊ အမေရိကန်သြဇာလွှမ်းရာဒေသများတွင် သေချာပေါက်အဖမ်းခံရမည်ဖြစ်၍ ဂျပန်ပြည်သို. ထွက်ပြေးသည်မှာသဘာဝကျကြောင်း၊ ရန်သူ.ထံဒူးထောက်အညံ့ခံ အဖမ်းခံမည့်လူစားမျိုး မဟုတ်၍အိနိ္ဒယပြည်နှင့်အာရှတိုက်အတွက်ဂုဏ်ယူစရာခေါင်းဆောင်ဖြစ်ကြောင်း၊ရေးသားထားပါသည်။ ထို.အပြင် ထိုစဉ်က ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးနှင့် အခွန်တော်ဌာနတွင် တာဝန် ထမ်းဆောင်နေသည့် တရုတ်စကားကို ကောင်းမွန်ကျင်လည်စွာပြောတက်သည့် ပန်ချာဘီ အမျိုးသားအရာရှိ၏ဆူဘတ်ချန်ဒရာဘို.စ်နှင့်မစ်္စတာနေရူးတို.ကိ မိဘသဖွယ်သဘောထားကြောင်း ရေးသားထားသည်များကိုလည်းဖတ်ရပါသည်။

အခန်းစဉ်(၁၈)ဆောင်းပါးတွင် Renkoji Temple နာတာချီအတွက်အဖေဦးစပ်စုမှ ဂျပန်ယမ်း(၁၀၀၀၀) လှူဒါန်းခဲ့ကြောင်း၊ အလေးပြုခဲ့ကြောင်း၊ ဂျပန်တွင်ရှိနေစဉ်“အောင်(Ong)” မျိုးနွယ်စုတရုတ်အမျိုးသားများ များ၊ ဂျပန်ခေတ်တွင်မြန်မာပြည်သို.လာရောက် အုပ်ချုပ်အမှုထမ်း ဘူးသည့် ဂျပန်စစ်မှုထမ်းဟောင်းများ၊ ဂျပန်အမျိုးသားမိတ်ဆွေများနှင့် တွေ.ဆုံဆွေးနွေးခွင့်ရခဲ့ ကြောင်း၊ များရေးသားထားပါသည်။ ထို.အပြင် ၁၉၄၅ သြဂုတ်လ ၇ ရက်နေ. အထိ ဂျပန် အစိုးရနှင့်ပြည်သူလူထုသည် မန်ချူးရီးယားပြည် ပြည်သို.ရွှေ.ပြောင်းပြီး ထိုကမှတဆင့် ရေရှည် စစ်ပွဲကြီးဆင်နွဲနိုင်ရန်အတွက်ရည်ရွယ်ချက်ရှိကြောင်း၊ ရေးထားပါသည်။ မန်ချူးရီးယား ပြည်နယ် ထဲမှာ ဂျပန်စစ်သားပေါင်း (၃)သိန်းရှိကြောင်း၊ တရုတ်ပြည်ထဲမှာ ဂျပန်စစ်သားပေါင်း သိန်း၃၀-၄၀ခန့်ရှိကြောင်း၊ ၎င်းစစ်သားသုံးပုံတစ်ပုံဖြင့်ကာကွယ်လိုက်ပါက သြဂုတ်၉ရက်နေ့ မန်ချူးရီးယား သို့ဝင်လာသောရုရှားတပ်မတော် ထွက်ပြေးသွားမှာဖြစ်ကြောင်းလည်း အဓိကပါရှိ ပါသည်။

အခန်းစဉ်(၁၉) ဆောင်းပါးတွင်မူ စာရေးသူ၏အဖေ ဦးစပ်စု၏ လွန်စွာ ချစ်ခင်လေးစား သော မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို.စ်ပျက်စီးဆုံးရှုံးရခြင်း၏ တရားခံအစစ်မှာ”“စစ်” ပင်ဖြစ် ကြောင်း၊ ဦးစပ်စုကိုယ်တိုင် အိန်္ဒိယသို့ သွားရောက်ရန်ပြည်ဝင်ပြည်ထွက် လက်မှတ်ပြုလုပ်ထားပြီ ဖြစ်ကြောင်း၊ အိန်္ဒိယပြည်သို့ ရောက်လေသောအခါ၊ မိတ်ဆွေကြီး ဆူဘတ်ချန်ဒရာဘို.စ်၏ မွေးရပ်မြေဖြစ်သော ကာလကတ္တားမြို့ (Sughas Road) သို့သွားရောက်မည်၊ ပြီးလျှင် မိတ်ဆွေကြီး ၏ ဆွေမျိုးများနှင့်လည်း တွေ့ဆုံပေဦးမည်ဟု ကြံရွယ်ထားကြောင်း၊ ရေးသားထားပါသည်။
ဦးစပ်စုမှတ်မိသမျှ မြန်မာပြည်တွင် မြန်မာ တရုပ် အိန်္ဒိယ ဤသုံးဦး ညီညွတ်ခဲ့သော သမယမှာ ဂျပန်ခေတ်တွင်ဖြစ်ကြောင်း၊ ထိုစဉ်က မြန်မာ့တပ်မတော်ရန်ပုံငွေ ထည့်ဝင်ခြင်းကိုပင် လေလံဆွဲ သကဲ့သို့ သူ့ထက်ငါများလေအောင် အပြိုင်ကြဲခဲ့ကြပါကြောင်း၊ ဤစေတနာ ဤစိတ် ဓါတ် အစဉ်အမြဲရှိနေပါက ဤလူမျိုးသုံးဦးသည် အမြဲညီညွတ်ပြီး ထာဝစဉ် ချစ်ကြည်၍ နေကြ မည်မှာ မလွဲပါကြောင်းရေးသားခဲ့ပါသည်။
၎င်းဆောင်းပါး နိဂုံးချုပ်အနေဖြင့်၊ ဤမကောင်းသောစစ်ကြီးကြောင့် ကမ္ဘာကြီးဝယ် မီးဟုန်းဟုန်း တောက်စဉ်မှာ ဦးစပ်စုကဲ့သို့ မိတ်ဆွေကောင်းများဖြင့်  “ကွေကွင်းကွဲကွာ” သော သူပေါင်း ဒုနဲ့ဒေး ရှိမည်ဖြစ်ကြောင်း၊ စစ်ဖြစ်သောအခါသမယကျလေမှ ငြိမ်းချမ်းခြင်း၏အရသာကို ကောင်းကောင်းကြီးသိရကြောင်း၊ ထို့ကြောင့်ပင် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေပြင်ဝယ် မကောင်း သောစစ်ကြီးများပပျောက်ပြီး ကောင်းသောငြိမ်းချမ်းရေး ရောက်ပါစေဟု အစဉ်အမြဲဆန္ဒပြုလျက် ရှိပါကြောင်း ရေးထားပါသည်။

အခန်းစဉ်(၁၄) “ ဒေါက်တာဘမော်၏ပြောပြချက်” ဆောင်းပါးတွင် ၁၉၄၆ခုနှစ်၊ သြဂုတ်လ ၅ရက်နေ့တွင် ဂျပန်ပြည်မှ ရန်ကုန်မြို့သို့ ဂျပန်ခေတ်မြန်မာပြည်၏အဓိပတိဟောင်း ဒေါက်တာ ဘမော် အင်္ဂလိပ် စစ်လေယာဉ်ပျံတစင်းဖြင့် ပြန်လည်ရောက်ရှိလာကြောင်း၊ ၎င်း၏နေအိမ်၌ မိတ်ဆွေများနှင့် သတင်းထောက်များရှေ့တွင် သူ၏အတွေ့အကြုံများရှင်းပြကြောင်းပါရှိပါသည်။
ဒေါက်တာဘမော်သည် ၁၉၄၅သြဂုတ်လတွင်  မော်လမြိုင်မှ  မုဒုံဘက်သို့ ဂျပန်နှင့်အတူ ထွက်ပြေးကြောင်း၊ သြဂုတ်လ(၁၇)ရက် မုဒုံမှဘန်ကောက်၊ နောက်တရက် ဆေးဂုံ (Saigon)၊ ထို့နောက် ဖေါ်မိုဆာ မိုဆာ(Taiwan) သို့ လေယာဉ်ပျံနှင့်ပြေးခဲ့ကြောင်း ရေးထားပါသည်။ ဖေါ်မို ဆာကျွန်းမှတဆင့် ဂျပန်ပြည်သို့ လေယာဉ်ပျံဖြင့်ပြေးခဲ့ကြောင်း၊ လမ်းတွင်မမျှော်လင့်ဘဲ အမေရိကန်လေယာဉ်ပျံတစင်းနှင့်တိုးကြောင်း၊ သူတို့စီးလာသည့်လေယာဉ်ပျံကို စက်သေနတ်ဖြင့် လိုက်လံပစ်ကြောင်း၊ လေယာဉ်ပျံမောင်းသည့်ဂျပန်သည် ဥာဏ်ကောင်းသူဖြစ်၍ မလွတ်သာ မရှောင်သာတဲ့အဆုံးတွင် လေယာဉ်ပျံကို ကျည်ဆံထိမှန်သွားသည့်အနေဖြင့် တခါတည်း ပင်လယ်ထဲသို့ ထိုးပြီးဆင်းသွားကြောင်း၊ အချိန်အတော်ကြာသွားမှ တခါပြန်ပြီး အထက်သို့ ထိုးတက်ပါကြောင်း၊ ဒါပေမဲ့ ခရီးက အတော်လေးဝေးသွားပြီဖြစ်၍ အမေရိကန်လေယာဉ်ပျံက နောက်မှလိုက်ပြီး စက်သေနတ်နှင့် မပစ်နိုင်တော့ကြောင်းဖတ်ရပါသည်။
ထို့နောက် သြဂုတ် ၂၄နေ့ မှာ ဒေါက်တာဘမော် ဂျပန်ပြည်ရောက်ကြောင်း၊ ဒီအချိန်မှာ ဂျပန်အစိုးရ ကလဲ စစ်ရှုံးလို့ လက်နက်ချနေပြီဖြစ်ကြောင်း၊ အမေရိကန်စစ်တပ်က ရှိရှိသမျှ ဂျပန်လေယာဉ်များ အဆင်းအတက်မပြုရဟု အမိန့်ထုတ်ထားသည့် အချိန်ဖြစ်ကြောင်း၊ ဒါကြောင့် မြို့နှင့်အတော်ခရီးလှမ်းသည့် တောစပ်တနေရာမှာ သူစီးလာသည့် ဂျပန်လေယာဉ်ပျံ လျှို့ဝှက်ပြီးဆင်းရကြောင်း၊ အဲ့ဒီနောက်ပိုင်းမှာ ဂျပန်တောရွာကလေးတရွာမှာသွားပြီး ပုန်းနေ ကြောင်း၊ ဂျပန်ဘုန်းတော်ကြီးကျောင်းမှာ သွားရောက်ပြီး ခိုလှုံနေရကြောင်း၊ ဂျပန်ဘုန်းတော်ကြီး က သူ့ကို အစစအရာရာ ပြုစုစေါင့်ရှောက်လို့ ဂျပန်ဘုန်းတော်ကြီး၏ကျေးဇူးတရားကို ဘယ်တော့မှ သူမမေ့နိုင်ပါကြောင်း၊ ဖတ်ရပါသည်။
နေ့ရှိသမျှ အချိန်တိုင်းလိုလို ဒေါက်တာဘမော် မြန်မာပြည်နိုင်ငံရေးအခြေအနေကို အမြဲတမ်းနားစွင့်နေပါကြောင်း၊ ၁၉၄၆ ဇန်န၀ါရီလတွင် မြန်မာပြည်၌ အင်္ဂလိပ်ဘုရင်ခံ၏ အစိုးရဖွဲ့ ကြောင်းကြားမိပြီး မြန်မာပြည်အလွန်ပြန်ချင်သဖြင့် အမေရိကန်စစ်တပ်သို့ သွားရောက်အဖမ်းခံ ကြောင်း၊ သူ့ကိုအမေရိကန်စစ်တပ်က တိုကျိုထောင်ကြီး မှာချုပ်ထားကြောင်း၊ ထောင်ပိုင်က ပုဂံဆေးခိုင်း အမှိုက်လှည်းခိုင်းသည်ကိုငြင်းဆန်သဖြင့် ၉ပေ-၆ပေ အခန်းကျဉ်းလေးထဲ လွတ်သည်အထိ ချုပ်နှောင်ထားကြောင်း၊ အမေရိကန်စစ်ဗိုလ်များ မကြာခဏလာ၍ ခြိမ်းခြောက် ကြောင်း၊ စစ်တရားခံများကိုကြိုးပေးသည့် ဓါတ်ပုံများ၊ ရက်ရက်စက်စက် သတ်ထားသည့်ဓါတ်ပုံများ သူ့အားမကြာခဏလာပြ၍ ငါလည်းဒီလိုသေရမှာပါလားဟု သူတွေးထင်မိခဲ့ကြောင်း မျက်ရည်စီးကျ ငိုသံများဖြင့် ဒေါက်တာဘမော် ရှင်းပြသည်ဟုလည်း ဖတ်ရပါသည်။
ထို့နောက် အမေရိကန်စစ်တပ်က ဒေါက်တာဘမော်ကို ၁၉၄၆ ဇူလိုင်၃၁ရက် က်နေ့တွင် အင်္ဂလိပ်ဆက်သွယ်ရေးဌာနလက်သို့အပ်လိုက်ကြောင်း၊ အမေရိကန်စစ်တပ်ကလည်း သူ့ကို အင်္ဂလိပ်ကဖမ်းခိုင်း၍သာ ဖမ်းထားတာဖြစ်ကြောင်း၊ သူ၏ကိုယ်ပိုင်ပစ္စည်းများကိုလည်း ပြန်လည် ပေးအပ်ကြောင်း၊ ကျေငြာပါသည်။ ထို့ကြောင့် ယခုအင်္ဂလိပ်စစ်လေယာဉ်ဖြင့် မြန်မာပြည် ပြန်ရောက်လာခြင်းဖြစ်ကြောင်း၊ သတင်းထောက်များကလည်း မသိမရှင်းသည့်အချက်နှင့် သူတို့သိလိုသောအချက်များကို မေးမြန်းပါကြောင်းဆက်ရေးထားပါသည်။
ထို့နောက် အဖေဦးစပ်စုကိုယ်တိုင် “ ကျွန်တော်ရဲ့မိတ်ဆွေကြီးဆူဘတ်ချန်ဒရာဘို့စ် ကော ဘယ်လိုနေပါသလဲ” ဟုဒေါက်တာဘမော်အားမေးမြန်းရာ-။ ဒေါက်တာဘမော်မှ ဆူဘတ်ချန်ဒရာ ဘို့စ် တရုပ်ပြည်ဖေါ်မိုဆာ မှ ဂျပန်ပြည်သို့ လေယာဉ်ပျံနှင့် အသွား၊ လမ်းမှာလေယာဉ်ပျံ မီးလောင်ပြီးပျက်ကျကြောင်း၊ လေယာဉ်ပျံတခုလုံး ရစရာမရှိအောင်ပျက်စီးသွားကြောင်း၊ ဆူဘတ် ချန်ဒရာဘို့စ်နှင့်အတူပါသွားသည့် မြန်မာပြည်က ဒုတိယတန်းစစ်ဗိုလ်ချုပ်ကြီးတော့ ဒီနေရာမှာဘဲ ပွဲချင်းပြီး သေဆုံးသွား ကြောင်း၊ ဆူဘတ်ချန်ဒရာဘို့စ် ကတော့ မီးလောင်တဲ့ဒဏ်ရာနဲ့ တိုင်ဟိုကူ ဆေးရုံ မှာ တက်ရောက်ကုသနေတာ ၂ရက်အကြာမှာဘဲ ကွယ်လွန်အနိစ်္စရောက်တယ်လို့ ကျွန်တော်အသေအချာသိရကြောင်း” ပြန်ဖြေသည်ဟုပါရှိပါသည်။ ဆူဘတ်ချန်ဒရာဘို့စ် ကွယ်လွန် ပြီဖြစ်ကြောင်း ဒေါက်တာဘမော်၏ပြောပြချက်ကို အဖေဦးစပ်စုမှ သူ၏မိတ်ဆွေကြီးတဦးဖြစ်သည့် ဗိုလ်ချုပ်အောင်းဆန်း အားလည်းသွားရောက်ပြောပြရာ ဗိုလ်ချုပ်အောင်းဆန်းသည်လည်း သူ၏ မိတ်ဆွေအတွက် လွန်စွာဝမ်းနည်းတသဖြစ်ခဲ့ကြောင်း ရေးသားထားပါသည်။
အထက်ပါ အဖေဦးစပ်စု၏ စာအုပ်ပါအချက်များအရ၎င်း၊ စာရေးသူ တွေ့ဆုံမေးမြန်း ကွင်းဆင်းလေ့လာ ရှာဖွေဆည်းပူးမိသမျှ အချက်များအရ၎င်း၊ “ဆူဘတ်ချန်ဒရာဘို့စ် နှင့် ဗိုလ်ချုပ် အောင်းဆန်းတို့၏ ဆင်တူသော လျှို့ဝှက်သည်းဖို ဇာတ်လမ်းများ” စာအုပ်ရေးသားရန် နှိုင်းယှဉ်လေ့လာတွေ့ရှိချက်များအရ၎င်း၊ နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှု အိန်္ဒိယ ပြည်သူများ လက်ခံကျေနပ်နိုင်မည့် အဖြေတရပ်ရရှိရေး အောက်ပါအချက်များကို ရိုးသားစွာ အကြံပြု မေးမြန်း တင်ပြအပ်ပါသည်။
၁။ မစ္စတာနေရူးဦးဆောင်သည့် မစ်ရှင် မှ နေတာချီဆူဘတ်ချန်ဒရာဘို့စ်၏ အရိုးပြာကို ဂျပန်နိုင်ငံမှ အိန်္ဒိယနိုင်ငံသို့ တနည်းနည်းဖြင့်ပြန်ယူပြီး မပြီး၊ မယူရသေးပါက ပြန်ယူသင့်ကြောင်းနှင့်၊ ယူပြီးပါက အိန်္ဒိယအစိုးရထံတွင်ရှိသော အရိုးပြာ (ashes) များနှင့် ရန်ကိုကျူ ဘုရားကျောင်း(Renkoji Temple) ရှိ အရိုးပြာ (ashes) များတူ မတူ၊ ၎င်းတို့ကို  စစ်ပြီး မပြီး၊ မစစ်ရသေးပါက အမြန်ဆုံး စစ်ဆေး၍ အဖြေကို ထုတ်ပြန်ပေးမည်ဆိုပါက နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှု အမှန်တရားအဖြေကို မျှော်လင့်နေကြသော အိန်္ဒိယပြည်သူတရပ်လုံးနှင့် ကမ္ဘာအရပ်ရပ်မှ နေတာချီဆူဘတ်ချန်ဒရာဘို့စ် ကိုလေးစားသူများ၏ နေတာချီဆူဘတ်ချန်ဒရာဘို့စ်ပျောက်ဆုံးမှု ရှာဖွေကြိုးပမ်းနေသူများအတွက် တနည်းတလမ်း အထောက်အကူဖြစ်စေနိုင်ပါသည်။
၂။ နေတာချီဆူဘတ်ချန်ဒရာဘို့စ် သည် တိုင်ဝမ်ကျွန်း တိုင်ဟိုကူလေဆိပ်မှ မန်ချူးရီးယား သို့မဟုတ် ဂျပန်ပြည်သို့အသွား၊ လေဆိပ်တွင် မဟုတ်ဘဲ လမ်းတွင် လေယာဉ်ပျက်ကျခြင်း လည်း ဖြစ်နိုင်ပါသည်။ ၁၉၄၅ သြဂုတ်လ၂၂ရက်နေ့ ဒေါက်တာဘမော်နှင့် ဂျပန်ဗိုလ်ချုပ် တာနာကာ တို့၏ လေယာဉ်ကို အမေရိကန်လေယာဉ်မှ လိုက်လံပစ်ချသည့်အတိုင်း နေတာချီဆူဘတ်ချန်ဒရာဘို့စ် နှင့် ဗိုလ်ချုပ်ကြီးရှိဒါး တို့၏ လေယာဉ်သည်ာဉ်သည်လည်း အမေရိကန်စစ်လေယာဉ် သို့မဟုတ် ဗြိတိသျှစစ်လေယာဉ် ၊ ဗိုလ်ချုပ်ကြီး ကယ်လရီ ချင်းနော့ထ် တို့၏ ဖလိုင်းယင်းတိုက်ဂါး စစ်လေယာဉ် တို့၏ ကြိုတင် သတင်းရရှိချက်အရ ပစ်ချခံရခြင်းလည်း ဖြစ်နိုင်ပါသည်။ ၎င်းအတွက် ယခုအချိန်ကဲ့သို့ အိန်္ဒိယ အမေရိကန် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်နေချိန်တွင် အမေရိကန်၊ ဗြိတိန်တို့အား အိန်္ဒိယအစိုးရနှင့်ပြည်သူများမှ အကူအညီတောင်းခံ၍၎င်း၊ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်လေယာဉ်မှူးတာဝန် ထမ်းဆောင်ခဲ့ဘူးသူများနှင့်ပတ်သက်သူများ၏ မှတ်မိသမျှ ပြန်လည်ပြောပြရေးသားချက်ဖေါ်ထုတ်ချက်များကို အကူအညီများတောင်းခံ၍၎င်း၊ နေတာချီ ဆူဘတ်ချန်ဒရာဘို့စ်ပျောက်ဆုံးမှု ဖြေရှာကြိုးပမ်းသင့်ပါသည်။
၃။ ဒေါက်တာဘမော်၏ပြောပြချက်တွင်ပါဝင်သော နေတာချီဆူဘတ်ချန်ဒရာဘို့စ်နှင့် အတူပါ သွားသည့် မြန်မာပြည်မှ ဒုတိယတန်းစစ်ဗိုလ်ချုပ်ကြီး တိုင်ဟိုကူလေဆိပ် လေယာဉ်ပျက်ကျမှုတွင် ပွဲချင်းပြီးသေဆုံးသည်ဟူသည့်အချက်ကို မြန်မာပြည်တွင်း၌ စာရေးသူတို့မိသားစုမှ နီးစပ်ရာ စုံစမ်း ကြည်ရာ ကြားသိဖတ်မိသူ မရှိခဲ့ပါ။ မြန်မာပြည်အရပ်ရပ်တွင် ယနေ့ထက်တိုင် အသက်ရှင် နေကြသေးသော INAအဖွဲ့သားဟောင်းများနှင့်၎င်းတို့၏သားမြေးများ၊ ရဲဖေါ်သုံးကျိပ် ၀င်များဖြစ်ကြ သည့် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဗိုလ်မှူးကြီးရဲထွဋ် တို့ကဲ့သို့ မြန်မာပြည် ဂျပန်ခေတ်ကို အသေအချာ ပါဝင်သိမှီခဲ့သူများထံမှလည်း ဆက်လက်စုံစမ်းသင့်ပါသည်။ ထို့အတူ ဖက်ဆစ် ဂျပန်တော်လှန်ရေးတွင် ကလာကတ္တားမြို့၌ အခြေစိုက်ခဲ့သော သခင်သိန်းဖေ (စာရေးဆရာ ဦးသိန်းဖေမြင့်) ကဲ့သို့သောစာရေးဆရာကြီးများ၏ စာများ၊ မှတ်တမ်းများတွင်လည်း စူးစမ်းသင့် ပါသည်။ ၁၄-၉-၂၀၀၅ RFA ထုတ်လွှင့်ချက်တွင် သတင်းစာဆရာကြီးကြေးမုံဦးသောင်း မှ “၁၉၄၁ ခုနစ်ကတည်းက နေတာချီဆူဘတ်ချန်ဒရာဘို့စ်နှင့်မိမိ သိကျွမ်းခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ ပြောပြချက်၊ နေတာချီဆူဘတ်ချန်ဒရာဘို့စ်သည် တခါတွေ့ဘူးလျှင် တသက်မမေ့နိုင်သော ပုဂ်္ဂိုလ်ဖြစ် ကြောင်း၊ နေတာချီဆူဘတ်ချန်ဒရာဘို့စ် က ဂျပန်ကိုလည်းမိမိတို့တိုက်ရမှာဘဲ ဟုပြောခဲ့ဘူးကြောင်း ဒေါက်တာဘမော်က သူ၏ The Brief History of Burma စာအုပ်တွင် ရေးသားထားကြောင်း” ပြောပြချက်များအရ၎င်း၊ နေတာချီဆူဘတ်ချန်ဒရာဘို့စ် အကြောင်း သိရှိ စိတ်ဝင်စားကြသည့်ရှေ့မှီနောက်မှီ ပုဂ်္ဂိုလ်ကြီးများထံမှ အဖိုးတန်အချက်အလက်များရရှိနိုင်သည်မှာ အသေအချာပင်ဖြစ်ပါသည်။
၎။ နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှုအတွက် အဖြစ်နိုင်ဆုံးအချက်ဟု စာရေးသူ ယူဆသည်မှာ ဒေါက်တာဘမော်နှင့် General Tanaka တို့ကဲ့သို့ပင် နာတာချီဆူဘတ်ချန်ဒရာဘို့စ် နှင့် General Shidei တို့သည် ဂျပန်ပြည်၏မြို့နှင့်မနီး တောစပ်တနေရာတွင် လေယာဉ် လျှို့ဝှက်ဆင်းသက်ပြီး၊ ဂျပန်တောရွာတရွာ၊ ဘုန်းကြီးကျောင်းတကျောင်းတွင် ပုန်းအောင်းနေ သည့်အချက်ပင်ဖြစ်ပါသည်။ General Shidei မှာ မန်ချူရီးယားသို့ ဆက်လက်သွားရောက်ပြီး စစ်မြေပြင်၌သာကျဆုံးခြင်းဖြစ်ပါသည်။ နေတာချီဆူဘတ်ချန်ဒရာဘို့စ် မှာမူ ဒေါက်တာဘမော် ကဲ့သို့ အမေရိကန်စစ်တပ်တွင် သွားရောက်အဖမ်းမခံဘဲ ဂျပန်တောရွာတရွာ၊ ဘုန်းကြီးကျောင်း တကျောင်းတွင် ဆက်လက်ပုန်းအောင်းနေရင်းမှ ၁၉၅၄ နှစ်လည်ခန့်တွင် ကွယ်လွန်ခဲ့သည်ဟု  2005     December 5ရက်နေ့ထုတ် Indian Today  စာစောင်ပါ အိန်္ဒိယ၀န်ကြီးချုပ် ပန်ဒစ်ဂျဝါ ဟာလာနေရူး၏ Private Secretary M.O.Mathai ၏စာအရ တွက်ဆရ ပါသည်။ ၎င်းအချက်ကို လည်း ဂျပန်အစိုးရနှင့်ပြည်သူများအား အိန်္ဒိယအစိုးရနှင့်ပြည်သူများက အကူအညီတောင်းခံသင့် ပါသည်။
၅။ အိန်္ဒိယအစိုးရနှင့်ပြည်သူများအနေဖြင့် အစိုးရ အာဏာပိုင်အချင်းချင်း ဆက်သွယ် အကူအညီ တောင်းခံယုံမျှမကနေတာချီဆူဘတ်ချန်ဒရာဘို့စ်နှင့် တနည်းနည်းပတ်သက်ခဲ့သော အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တရုပ်၊ ရုရှား၊ မွန်ဂိုးရီးယား၊ တောင်နှင့်မြောက်ကိုရီးယား၊ ထိုင်ဝမ်၊ အာဖဂန်နစ္စတန်၊ မြန်မာ၊ ဗီယက်နမ်စသော အာဆီယမ်နိုင်ငံများ နှင့် ပါကစ်္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသောနိုင်ငံများမှ သာမန်ပြည်သူများနှင့်လည်း ပြည်သူအချင်းချင်းဆက်သွယ် အမြင်ချင်းဖလှယ်၊ သတင်းမှတ်တမ်းချင်းလဲလှယ် အကူအညီတောင်းခံသင့်ပါသည်။
၆။ နိဂုံးချုပ်အားဖြင့် ၂၀၀၆ ခုနှစ်၏ မကြာမှီ လပိုင်းအတွင်း M.K.Mukherjee Commission ၏အကူအညီအရ အိန်္ဒိယအစိုးရ နှင့် ပါတီအဖွဲ့အစည်းအသီးသီးတို့သည် စည်းလုံးညီညွတ်စွာဖြင့် အိန်္ဒိယပြည်သူအများ ကျေနပ်လက်ခံနိုင်မည့် နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှု အဖြေတရပ် စုပေါင်းဖေါ်ထုတ်ခြင်းဖြင့် စစ်၏သားကောင်ဖြစ်ခဲ့ရသော၊ ရိုးရိုးသားသား စေတနာမှန်မှန်ဖြင့် အိန်္ဒိယနိုင်ငံလွတ်လပ်ရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်ထောက်ပံ့ပေးခဲ့သည့် နေတာချီဆူဘတ်ချန်ဒရာဘို့စ်အား ကျေးဇူးတုံ့ပြန်နိုင်ကြပါစေကြောင်း မြန်မာပြည်သူများ၏ ကိုယ်စား၊ မြန်မာ့ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းမှု လိုလားလှုပ်ရှားနေသူများ နေသူများ၏ကိုယ်စား၊ မြန်မာပြည်တွင်ရှိနေသေးသည့် INAအဖွဲ့သား ဆွေမျိုးမိတ်ဆွေများ၏ကိုယ်စား၊ နေတာချီဆူဘတ် ချန်ဒရာဘို့စ် ၏မိတ်ဆွေကြီး ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် မြန်မာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်စား၊ နေတာချီဆူဘတ် ချန်ဒရာဘို့စ်၊ INA အဖွဲ့သားများနှင့် အိန်္ဒိယပြည်သူများအား လေးစားချစ်ခင်သော တရုပ်အမျိုးသား မြန်မာနိုင်ငံသား အဖေဦးဦးစပ်စု စပ်စု၏ကိုယ်စား၊ ဒီမိုကရေစီရေးနှင့်ငြိမ်းချမ်းရေး အကျိုးငှာ နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှုဖေါ်ထုတ်ရေး၊ ဤအကြံပေးဆောင်းပါးကို ရေးသား လိုက်ရပါသတည်း။      ။
                        ကမ္ဘာ့ပြည်သူအားလုံး “စစ်နှင့်ငြိမ်းချမ်းရေး”ကို ခွဲခြားသိမြင်နိုင်ကြပါစေ။
စုပေါင်းညီညွတ်မှုဖြင့် အိန်္ဒိယပြည်သူများ နေတာချီဆူဘတ်ချန်ဒရာဘို့စ် ပျောက်ဆုံးမှု အကောင်းဆုံးအဖြေများရနိုင်ကြပါစေ။
အိန်္ဒိယပြည်သူများ ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာကြပါစေ။

လန်ထောင်စပ်စုလေး

Monday, August 15, 2011

မြန်မာတွေ လေးစားချစ်ခင်ကြတဲ့ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်-လန်ထောင်စပ်စုလေး (၂၂-၁-၀၇)

မြန်မာတွေ လေးစားချစ်ခင်ကြတဲ့ နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်-လန်ထောင်စပ်စုလေး (၂၂-၁-၀၇) 

     နေတာဂျီ ဆူဘတ်စ်ချန်ဒရာဘို့စ်သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များထဲတွင် ကမ္ဘာသိ အထင်ကရ ပုဂ္ဂိုလ်တယောက် ဖြစ်ပါသည်။ ၁၉၄၂ ခုနှစ်၌ စင်ကာပူ နိုင်ငံတွင် အိန္ဒိယအမျိုးသားတပ်မတော်ကို ဖွဲ့စည်းခေါင်း ဆောင်ခဲ့ပြီး ဂျပန်တပ်များ၊ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် သည့် မြန်မာ့လွတ်လပ်ရေးတပ်မတော်တပ်များနှင့်အတူ မြန်မာနိုင်ငံရောက်ခဲ့သူဖြစ်ပါသည်။ ဂျပန်ခေတ်တခေတ်လုံး မြန်မာပြည်မှာနေထိုင်ခဲ့ပြီး အိန္ဒိယလွတ်လပ်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့သူဖြစ်ပါသည်။

 နေတာဂျီကိုအိန္ဒိယပြည်သူပြည်သားများက လေးစားချစ်ခင်ကြသလို မြန်မာပြည်သူပြည်သားများကလည်း လေးစားချစ်ခင်ခဲ့ကြ ပါသည်။မြန်မာပြည်သူပြည်သားများအနေဖြင့် မည်မျှအထိ နေတာဂျီအား လေးစားချစ်ခင်ခဲ့ကြသည်ကို သက်သေ အကိုးအကားတချို့နှင့် စာရေးသူ ရေးသားတင်ပြပါမည်။ အတွေးအမြင်စာစောင် စာစဉ်အမှတ် (၁၅၄) တွင် စာရေးဆရာလှမိုး (ပညာရေး) က သူ၏ “ရာဗိန္ဒြာနတ်တဂိုးနှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်”ဆောင်းပါးတွင်
အောက်ပါအတိုင်း ရေးသားထားပါသည်။

“ကျွန်တော်တို့သည် ဆူဘတ်စ်ချန်ဒရာဘို့စ်၏အမည်ကို လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော်ခန့်က မကြာခဏ ကြားခဲ့ရသည်။ သူ၏ “Azad Hind Fauj – အဇတ်ဟိန်းဖောက်(ဂ်ျ)” ခေါ် အိန္ဒိယ လွတ်လပ်ရေးတပ်မတော် ချီတက်ပွဲများတွင် ဂျပန်အလွတ်ပညာသင်ကျောင်းသားများဖြစ်ကြသော ကျွန်တော်တို့သည် အင်ကွီလပ်ဇင်းတဘက် (တော်လှန်ရေးကြီးအောင်မြင်ပါစေ) နေတာဂျီဘို့စ် ကီကျေး (ခေါင်းဆောင်းကြီးဘို့စ် ကျန်းမာပါစေ) “Chalo Delhi – ကျလို ဒေလီ” (ဒေလီကိုချီတက်ကြ) ဟူသော ကြွေးကြော်သံများကို သံပြိုင်ဟစ်အော်ခဲ့ကြရ၏။ အာရှလူငယ်အသင်းမှထုတ်ဝေသော လက်ရေး စာစောင်နှင့် နံရံကပ်စာစောင်များတွင် သူ့မွေးနေ့ကို ထိုစဉ်က ရန်ကုန်တွင် ကျင်းပပုံ၊ လျှမ်းလျှမ်း တောက်ကျော်ကြားနေသည့် အိုင်စီအက်စ်ရာထူးကို စွန့်ပယ်၍ ဗြိတိသျှနယ်ချဲ့သမားကို အိန္ဒိယပြည်မှ မောင်းထုတ်ရန်ကြိုးစားခဲ့ပုံတို့ကို ရေးသားဖော်ပြခဲ့သဖြင့် သူ့အကြောင်း ယနေ့ထိ မမေ့နိုင်။”

ထိုရေးသားချက်များသည် ဆရာလှမိုး (ပညာရေး) ကဲ့သို့ ဂျပန်ခေတ် ဂျပန်အလွတ်ပညာသင်ကျောင်း ကျောင်းသားများနှင့် အာရှလူငယ်အသင်းမှ မြန်မာလူငယ်များအပါအ၀င် ထိုခေတ်က သာမန်မြန်မာ ပြည်သူများ၏ နေတာဂျီအပေါ် လေးစားချစ်ခင်မှုများနှင့် နေတာဂျီအကြောင်း တစေ့တစောင်းတို့ကို ပေါ်လွင်စေပါသည်။

နေတာဂျီနှင့် INA အဖွဲ့သားများသည် မြန်မာနိုင်ငံအတွင်းတွင် နေရာအမျိုးမျိုး၌ နေထိုင်ကြကာ ၎င်းတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့ကြဖူးပါသည်။ ရန်ကုန်မြို့တွင် INA Rangoon Headquarter (ရန်ကုန်ဌာနချုပ်) ထားရှိကာ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်းကုန်းဆေးရုံနှင့် ကန်တော်လေး ရပ်ကွက်များတွင် INA တို့ လှုပ်ရှားခဲ့ကြပုံများ စာရေးသူ ဖတ်မှတ်လေ့လာ မေးမြန်းကြားသိခဲ့ရဖူးပါသည်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏မြို့တော် အင်ဖားမြို့မှ (၁၀) မိုင်ခန့်အကွာ မွေ့ရန်း (Moirang) ရှိ INA Martyr’s Memorial ခေါ် INA အာဇာနည်အမှတ်တရဗိမာန်၌လည်း ၎င်း INA ရန်ကုန်ဌာနချုပ်အပါအ၀င် Netaji Bhavan, Rangoon ခေါ် (နေတာဂျီဗိမာန် ရန်ကုန်) နှင့် တခြား နေတာဂျီ၊ INA နှင့် မြန်မာပြည် ဆိုင်ရာ ဓာတ်ပုံမြေပုံမှတ်တမ်းများ စာရေးသူ ကြည့်ရှုလေ့လာခွင့် ရခဲ့ဖူးပါသည်။ နေတာဂျီနှင့် INA အဖွဲ့သားများသည် ရန်ကုန်မြို့တွင်သာမက ဇေယျဝတီ၊ မန္တလေး၊ မေမြို့၊ စစ်ကိုင်း၊ ကလေး၊ ကလေးဝ၊ ကလောနှင့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် (ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန်) စသဖြင့် မြန်မာပြည်အရပ်ရပ် စခန်းချလှုပ်ရှားခဲ့ကြဖူးရာ မြန်မာပြည်သူများက လေးစားချစ်ခင် အကူအညီများပေးခဲ့ကြကြောင်း မြန်မာနှင့် အိန္ဒိယနိုင်ငံထုတ် စာစောင်၊ သတင်းစာများတွင် စာရေးသူ ဖတ်မှတ်လေ့လာခဲ့ရဖူး၊ လူတွေ့မေးမြန်းကြားသိခွင့် ရခဲ့ဖူးပါသည်။

သာမန် မြန်မာပြည်သူပြည်သားများမှ နေတာဂျီနှင့် INA ကို လေးစားချစ်ခင် အကူအညီများပေးခဲ့ကြ သလို နေတာဂျီတို့နှင့် အနီးကပ်ဆက်ဆံလက်တွဲ၍ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြဖူးသော မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးများသည်လည်း လေးစားချစ်ခင် အကူအညီများ ပေးခဲ့ကြပါသည်။ အိန္ဒိယနိုင်ငံ၏ဖခင်ကြီး မဟတ္တမဂန္ဒီ၊ မစ္စတာ ဂျဝါဟလာနေရူးတို့မှစ၍ မစ္စစ် အင်ဒီရာဂန္ဒီ၊ မစ္စတာ ရာဂျစ်ဂန္ဒီတို့အပါအ၀င် အိန္ဒိယခေါင်းဆောင်များနှင့် ပြည်သူများ၏ လေးစားချစ်ခင် ကူညီခြင်းကို ခံခဲ့ရသည့် ယခု ၂၀၀၇ တွင် အသက်တရာပြည့်မြောက်မည့် ၀န်ကြီးချုပ်ဟောင်း ဦးနု၏ နေတာဂျီ အကြောင်း “ငါးနှစ်ရာသီ ဗမာပြည်” စာအုပ်တွင် ရေးသားထားခဲ့သည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

“ဗိုလ်ရန်နိုင်နှင့် တင်ဇာမော်တို့၏ မင်္ဂလာဆောင်ပွဲသည် နီးကပ်လျက်ရှိလေပြီ။ ပွဲထိုင်တွင် နေရာချထား ရေးအတွက် အစီအစဉ်အရ အလွန်ခက်လျက်ရှိသည်။ ဂျပန်သံအမတ်နှင့် ဂျပန်စစ်သေနာပတိချုပ် တို့ကလည်း အဓိပတိ (ဒေါက်တာဘမော်) ၏ ညာဘက်တွင် ထိုင်ချင်သည်။ အဓိပတိကလည်း နေတာဂျီဘို့စ်ကို သူ့ညာဘက်တွင်ထားချင်သည်။ ပထမအစီအစဉ်ခိုင်းလိုက်သူများကို ဂျပန်များက အနိုင်ကျင့်လွှတ်လိုက်သဖြင့် ဂျပန်သံအမတ်နှင့် ဂျပန်စစ်သေနာပတိချုပ်တို့ကို ညာဘက်တွင်ထားရန် သဘောတူလာခဲ့ကြရလေ၏။
အဓိပတိသိသောအခါ အလွန်စိတ်ဆိုးလျက်ရှိလေသည်။ ဤကိစ္စအတွက်ဆေးနွေးရန် အဓိပတိသည် ကျွန်တော့်ကို (ဂျပန်ခေတ် နိုင်ငံခြားရေးဝန်ကြီးဦးနု) သံအမတ်ထံသို့ လွှတ်လိုက်လေသည်။

ကျွန်တော် – “ပြောဖို့ကတော့ တခြားဟာမဟုတ်ပါဘူး။ မင်္ဂလာဆောင်ပွဲမှာ နေရာထိုင်ခင်း စီစဉ်ရေး အတွက်ပဲ ဖြစ်တယ်။ ခင်ဗျားဟာ သံအမတ်သာဖြစ်တယ်။ နေတာဂျီဘို့စ်ဟာ အိန္ဒိယအစိုးရအဖွဲ့ရဲ့ အထွဋ်အထိပ်ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားကို ညာဘက်မှာ နေရာမပေးနိုင်ဘူး၊ နေတာဂျီဘို့စ်ကို ညာဘက်မှာပေးရလိမ့်မယ်” ဟု တုံးတိတိပြောပြီး ငြိမ်နေလိုက်၏။
ကျွန်တော့်စိတ်ထင် ဂျပန်သံအမတ်၏ရင်ဘတ်ကို တအားလွှဲထုလိုက်သလို ဖြစ်သွားသည်ဟုထင်ရ၏။

ဝန်ကြီးချုပ်ဦးနု၏ ဤရေးသားချက်များသည် မြန်မာ့ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ ၀န်ကြီးသခင်နု၊ ၀န်ကြီးဦးထွန်းအောင် စသော မြန်မာ့ ခေါင်းဆောင်များသည် ဂျပန်လက်အောက်တွင် အခြေအနေအရ နေနေရသော်လည်း နေတာဂျီနှင့် အိန္ဒိယပြည်သူများအပေါ် လေးစားချစ်ခင်မြတ်နိုးမှုများကိုမူ မင်္ဂလာဆောင် နေရာထိုင်ခင်း စသော အသေးအဖွဲကိစ္စများပင်မချန် သတ္တိရှိရှိ ထုတ်ဖော်ဦးစားပေးလေ့ရှိကြကြောင်း သက်သေသာဓကပင် ဖြစ်ပါသည်။

နေတာဂျီနှင့် INA အပေါ် ဒေါက်တာဘမော်တို့မှ လေးစားချစ်ခင်မှု အလွန်ရှိကြသကဲ့သို့ပင် နေတာဂျီနှင့် INA တို့မှလည်း ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါက်တာဘမော် စသော မြန်မာခေါင်းဆောင်များနှင့် မြန်မာ ပြည်သူများအပေါ် လေးစားချစ်ခင်စာနာမှု အပြည့်ရှိခဲ့ကြပါသည်။ ၎င်းအချက်ကို အောက်ပါ မြန်မာ နိုင်ငံသား တရုတ်အမျိုးသားကြီး ဦးစပ်စု၏ “၇၅ နှစ်အကြား ၄၉ နှစ်အမြင် ဗမာပြည်” စာအုပ် ဒေါက်တာဘဟန်အိမ် ဗုံးကျစဉ်က ဆောင်းပါးကောက်နုတ်ချက်တွင် တွေ့နိုင်ပါသည်။

“ထိုစဉ်ဝယ် စစ်ကားများနှင့်အတူ ကားတစင်းသည် တနာရီလျှင် မိုင် ၃၀၊ ၄၀ နှုန်းဖြင့် မောင်းလာသည်ကို တွေ့မြင်ရလေသည်။ ဤကားကို ကျွန်ုပ် သေသေချာချာကြည့်လိုက်၏။ ကားထဲတွင်ကား အိန္ဒိယ တပ်မတော်ခေါင်းဆောင် ဆူဘတ်စ်ချန်ဒရာဘို့စ် ဖြစ်နေလေသည်။ ဤအချိန်တွင် ကျွန်ုပ်သည် လက်ပြ၍ “ဆူဘတ်စ်ချန်ဒရာဘို့စ်” ဟု အော်ပြီးနှုတ်ဆက်လိုက်၏။ ဆူဘတ်စ်ချန်ဒရာဘို့စ်ကလည်း ကျွန်ုပ်အား သိပြီးဖြစ်သည့်အတိုင်း လက်ပြ၍ သူ့ကားနောက်မှလိုက်လာရန် လက်ဝှေ့ယမ်း၍ပြသွားလေသည်။ ကျွန်ုပ်တို့ကလည်း သူလက်ဝှေ့ပြသည့်အတိုင်း ဆူဘတ်စ်ချန်ဒရာဘို့စ်ကားနောက်မှ မော်တော်ကားကို မိုင် ၃၀၊ ၄၀ နှုန်းဖြင့်မောင်းကာ လိုက်သွားလေ၏။

သူ့နောက်သို့လိုက်၍ သွားလေသောအခါ စောစောကဗုံးချသည့်နေရာမှာ မရမ်းကုန်းနှင့် ရှစ်မိုင်မှာ နေသည့် ဒေါက်တာဘဟန်၏နေအိမ် ဖြစ်၍နေလေသည်။ ဗုံးတလုံးသည် သူ့နေအိမ်တည့်တည့်သို့ကျပြီး ပေါက်ကွဲ၍သွားပါသည်။ အိမ်လည်း ရစရာမရှိအောင် ပျက်စီး၍သွားလေသည်။ ကျန်ဗုံးတလုံးမှာမူ ဗုံးခိုကျင်းဝတွင် ကျလေသည်။ ဤဗုံးကား ပေါင်တရာရှိသည့် မီးလောင်ဗုံးဖြစ်နေ၏။ ထိုစဉ်က ဒေါက်တာဘဟန်က ကျောင်းဖွင့်ထား၍ ကျောင်းသားကျောင်းသူပေါင်း တရာကျော်၊ ဗုံးခိုကျင်းထဲဝယ် ရှိလေသည်။ ဤဗုံးမှာ မီးလောင်ဗုံးဖြစ်သော်လည်း မီးမလောင်ပါ။ ဘုရားသိကြားမသည်ဟု ဆိုရပေမည်။

မီးလောင်ဗုံးထဲမှ ထွက်လာသောယမ်းမှာ ကပ်စေးနဲကဲ့သို့ဖြစ်၏။ အရောင်မှာလည်း ၀ါဝါထိန်နေ၏။ ဤမပေါက်ကွဲသောဗုံးကို ဆူဘတ်စ်ချန်ဒရာဘို့စ်နှင့်ကျွန်ုပ်က သွားပြီးကိုင်ကြည့်ပါသေးသည်။ ပြီးနောက်မှ ဆူဘတ်စ်ချန်ဒရာဘို့စ်သည် ကံကောင်းထောက်မ၍ အသက်မသေသည့် ဒေါက်တာဘဟန် နှင့်သွားပြီး စကားပြောနေပါသေးသည်။

နောက် ငါးမိနစ်ခန့်သာ ကြာမည်ထင်၏။ ကျွန်ုပ်တို့ရှိရာသို့ ကားသုံးစင်းသည် အမြန်မောင်းနှင်၍ လာသည်။ ကားပေါ်မှဆင်းလာသူကား အခြားမဟုတ်၊ ဘရုတ်သုက္ခနိုင်ငံတော်၏ အဓိပတိအရှင်မင်းကြီး ဒေါက်တာဘမော်ပင် ဖြစ်နေလေသည်။ ထိုစဉ်က ဒေါက်တာဘမော်စီးသောကားမှာ ပါနေကျအလံကား ပါမလာပေ။ ပြီးနောက် နာမည်ကျော် သူ့ခေါင်းပေါင်းလည်း မပါပေ။ အဓိပတိ၏ အဆောင်အယောင်ဟူ၍ ဘာတခုမျှမပါပေ။ သည်အခြင်းအရာများကို ကြည့်ခြင်းအားဖြင့် သူသည် အပြေးအလွှားလာရကြောင်းကို သိသာနိုင်၏။ ဤသို့သော အရေးကြုံသည့်အခါမျိုးတွင် သူတို့ ညီအစ်ကိုနှစ်ယောက်သည် တယောက်နှင့် တယောက် မည်၍မည်မျှချစ်ကြကြောင်းကို သိသာနိုင်ပါ၏။

ထို့နောက်တွင် ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်သည် မပေါက်ကွဲသော ပေါင်တရာဗုံးကို နှစ်ဦးသား တဖက်စီကိုင်၍ ရွှေ့ကြပါသည်။ နောက်ဘက်မှလူများက “ခုနေသာ ဒီဗုံးပေါက်ကွဲရင် ခင်ဗျားတို့ နှစ်ယောက် အရင်သေမှာပဲ” ဟူ၍ နောက်ပြောင်ကြပါသေးသည်။
ဤတွင် ကျွန်ုပ်က “ဟာ… ကိစ္စမရှိပါဘူး၊ ကိုယ့်မိတ်ဆွေအတွက် ကူညီရတာပဲ” ဟု ပြန်လည်၍ ပြောလိုက်လေသည်။

ထိုနေရာတွင် ကျွန်ုပ် တခုရေးလိုပါသည်။ ဒေါက်တာဘဟန်အိမ်သို့ ထိုအချိန်တွင် ဒေါက်တာဘမော် လာ၏။ ဤကား ညီအစ်ကို ဖြစ်နေ၍ဟုဆိုလျှင်လည်း ဆိုနိုင်ပါသည်။ ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ် တို့ကား ဗုံးများချနေစဉ် အေးဥသြမဆွဲမီ ဒေါက်တာဘဟန်အိမ်သို့ တနာရီလျှင် မိုင် ၃၀၊ ၄၀ နှုန်း မော်တော်ကားကို အမြန်မောင်းပြီး လာခဲ့ကြခြင်းဖြစ်ပါသည်။ မိတ်ဆွေကောင်းတို့၏ ၀တ္တရား ကျေပွန် ပါပေသည်ဟု ကျွန်ုပ်ဆိုချင်၏။ ဤအချက်ကြောင့်ပင်လျှင် ကျွန်ုပ်သည် ဆူဘတ်စ်ချန်ဒရာဘို့စ်ကို မချီးကျူးဘဲမနေနိုင်၊ ကိုယ့်မိတ်ဆွေတယောက်အနေနှင့်လည်း ကြည်ညိုလေးစားမိသည်။ အရေး ကြုံကြိုက်၍လာသောအခါ မိတ်ဆွေစစ်သည်၊ မစစ်သည်ကို သိနိုင်၏။ ကျွန်ုပ်၏မိတ်ဆွေ ဆူဘတ်စ် ချန်ဒရာဘို့စ်၏အကြောင်းကို သိရလေပြီ။

သည့်နောက်ပိုင်းအချိန်များတွင်မူကား ကျွန်ုပ်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း၊ ဆူဘတ်စ်ချန်ဒရာဘို့စ်၊ ယာနာကိမူဒါ (၁၉၄၅ ခုနှစ်အထိ ဗမာပြည်ကိုအုပ်ချုပ်သွားသော ဂျပန်စစ်ဗိုလ်ချုပ်ကြီး) တို့သည် အရေးကြီးသော ကိစ္စကြီးငယ်ရှိလေတိုင်း မကြာမကြာ လူချင်းဆုံတွေ့ကြ၏။ ထိုအခါက ယာနာကိ မူဒါပြောသည့် စကားတခွန်းမှာ “ဂျပန်စစ်သားသိန်းသုံးဆယ်၊ သိန်းလေးဆယ်ခန့်ဟာ တရုတ်ပြည်မကြီး ကိုသွားတိုက်တာ နွံထဲနစ်တဲ့စစ်သားတယောက်လိုဖြစ်နေတယ်။ နုတ်လို့မရတော့ဘူး။ နို့မဟုတ်ရင် ဒီစစ်အင်အားနဲ့ အိန္ဒိယပြည်ဘက်ကို ဆက်လက်သိမ်းပိုက်လိုက်ရရင် ခုလောက်ဆိုရင် ရနေပြီ။ အာရှတိုက်ကြီးမှာ အိန္ဒိယ၊ တရုတ်၊ ဗမာနဲ့ နိပွန်ဂျပန်တို့ ပေါင်းစပ်မိရင် မျက်နှာဖြူ ဥရောပတိုက် သားတွေကို ကြောက်နေဖို့မလိုတော့ဘူး။ အင်္ဂလိပ်ဆိုတာဟာ အမှန်တော့ စက္ကူကျားရုပ်သာဖြစ်ပါတယ်“ ဟူ၍ ပြောပြဖူး၏။ ဤစကားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဆူဘတ်စ်ချန်ဒရာဘို့စ်တို့ အသိပင်ဖြစ်လေသည်။

ကျွန်ုပ်နှင့် ဆူဘတ်စ်ချန်ဒရာဘို့စ်သည် နေ့စဉ်လိုလိုတွေ့၏။ သည့်အတွက်ကြောင့်လည်း သူ၏ အလိုလို ရိုးသားပြီး ကြင်နာတတ်သောစိတ်ဓာတ်ကို သိရှိခွင့်ရလေသည်။ ကြာကြာပေါင်းသင်းပြီး သူတို့ကို လေ့လာကြည့်သောအခါ သူ့အကြောင်းကို ပို၍ပို၍ သိရှိလာ၏။ သို့သိရှိလာလေတိုင်း သူ့အပေါ်ကို တိုး၍သာ ကြည်ညိုလေးစားစိတ်က ယိုဖိတ်လာခဲ့လေ၏။”

မြန်မာပြည်သား တရုတ်အမျိုးသားကြီးဦးစပ်စု၏ ၎င်းဆောင်းပါးသည် နေတာဂျီ၏ သတ္တိရှိမှုနှင့် မိတ်ဆွေ ကောင်းပီသမှုများကို မြန်မာခေါင်းဆောင်ကြီးများသာမက တရုတ်၊ ဂျပန် စသော လူမျိုးခြားများကလည်း အသိအမှတ်ပြု လေးစားချစ်ခင်ခဲ့ကြကြောင်း သာဓကပင်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဒေါက်တာဘမော်က သူ၏ The Brief History of Burma စာအုပ်တွင် ဘို့စ်သည် တခါတွေ့လျှင် တသက်မမေ့နိုင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ ဘို့စ်က ဂျပန်ကိုလည်း တိုက်ရမှာပဲဟုပြောဖူးကြောင်း ရေးသားထားသည်ဟု မှတ်သားရဖူးပါသည်။

နေတာဂျီနှင့်ပတ်သက်၍ ပြောပြရေးပြစရာများ အလွန်များပြားစွာရှိနေသေးသော်လည်း အရေးကြီးဆုံး အနေဖြင့် အထူးတင်ပြလိုသည်မှာ ၁၉၄၁ ခုနှစ်ကတည်းက သိကျွမ်းရင်းနှီး လေးစားချစ်ခင်ခဲ့ကြပြီး တဦးနှင့်တဦး သွေးသားရင်းချာပမာ ဆွေးနွေးညှိနှိုင်း ကူညီလေ့ရှိကြသည့် နေတာဂျီနှင့် ဗိုလ်ချုပ်အောင် ဆန်းတို့သည် တဦးနှင့်တဦး ကွေကွင်းကွဲကွာ မဆုံတွေ့နိုင်ကြရတော့သည့် အခြေအနေတွင်လည်း မူလအတိုင်း သစ္စာမပျက် တဦးအပေါ်တဦး ထာဝရ လေးစားချစ်ခင်မြဲဖြစ်ကြောင်း သက်သေဖြစ်သည့် ကောက်နုတ်ချက်တခုပင်ဖြစ်ပါသည်။

၎င်းကောက်နုတ်ချက်ကို (၂၆-၉-၂၀၀၆) နေ့ထုတ် (Imphal Free Press) သတင်းစာတွင် Priyadarshni M Gange ရေးသားသည့် Netaji and the National Freedom Movement ဆောင်းပါး၌ စာရေးသူ ဖတ်ခဲ့ရခြင်းဖြစ်ပါသည်။ ဆောင်းပါးရှင်က The Burma Digest Vol.I, 15 August 1946, p 7-8 တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးသားခဲ့သည့် Welcome, Mr. Sarat Bose (ကြိုဆိုပါသည် မစ္စတာ ဆာရတ်ဘို့စ်) ဟု ခေါင်းစဉ်တပ်ထားသောဆောင်းပါးမှ ကောက်နုတ်၍ “၎င်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အောက်ပါမှတ်ချက်ကို သတိပြုရန် သက်ဆိုင်ဆက်စပ်နေပါသည်“ ဟု ညွှန်းဆိုထားပါသည်။ ၎င်းဗိုလ်ချုပ် အောင်ဆန်း၏မှတ်ချက် မြန်မာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“လွန်ခဲ့သော သုံးလေးနှစ်အတွင်းက နိုင်ငံခြားသားအုပ်ချုပ်သူများကို သူ့တိုင်းပြည်မှ မောင်းထုတ်ရေး ကြိုးပမ်းခဲ့သည့် နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်၏ ကြိုးပမ်းမှုများသည် အိန္ဒိယမျိုးချစ်တယောက်အနေ နှင့် သူ့အတွက် လုံးဝမှန်ကန်ပါသည်။ ဗြိတိသျှအင်ပါယာတို့၏ အုပ်စိုးမှုနှင့် ဂျပန်ဖက်ဆစ်တို့၏ လွှမ်းမိုးမှု နှစ်ခုစလုံးနှင့်ပတ်သက်၍ ကျွန်ုပ်တို့တိုင်းပြည်တွင် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သော အရာများအတွက် ပြည့်စုံစွာ ထုချေရှင်းလင်းရန် ဆန္ဒရှိပါသည်။ ၎င်းလုပ်ရပ်များအတွက်လည်း ကျွန်ုပ်တို့ကိုယ်တိုင် ဂုဏ်ယူလျက်ရှိပါသည်။ ကျွန်ုပ်တို့ မှန်ကန်သောခြေလှမ်းများ လှမ်းခဲ့သည်ဟု မယူဆကြသောကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည်များကို သဘောမတူနိုင်ကြသူများ အိန္ဒိယနိုင်ငံရော မြန်မာနိုင်ငံတွင်ပါ အချို့သောသူများအကြား၌ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် နေတာဂျီတို့၏ မျိုးချစ်စိတ်ဓာတ်တို့ကိုမူ မည်သူက ငြင်းပယ်ဝံ့ပါသနည်း။ သို့မဟုတ် စိမ်ခေါ်ဝံ့ပါသနည်း။ ကျွန်ုပ်တို့ လမ်းမှားများ လျှောက်ခဲ့ကြသည်ဟု မည်သူက အတိအကျ ပြောဝံ့ပါသနည်း။ ၎င်းအတွက် မှန်ကန်သော စီရင်ဆုံးဖြတ်ချက်ကို အတိအကျပေးနိုင်သူမှာ ကျွန်ုပ်တို့အားလုံး ဘယ်သူမှမဟုတ်ကြဘဲ ‘သမိုင်း’ တခုတည်းသာလျှင် ဖြစ်ပါကြောင်း။”

ဗိုလ်ချုပ်အောင်ဆန်းသည် သူကိုယ်တိုင် အကျဉ်းအကျပ် အခက်အခဲ ပြဿနာပေါင်းစုံနှင့် အလွန် အလုပ်များနေသည့်ကြားမှ နေတာဂျီ၏ညီငယ် Mr. Sarat Bose ကို ကြိုဆိုတိုင်တည်အားပေး၍ ၎င်းဆောင်းပါးကို ပြတ်ပြတ်သားသား ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဗြိတိသျှတို့ကိုရော ဂျပန်ကိုပါ ပြည်သူပြည်သားများအပေါ် မတရားလုပ်သော မည်သူ့ကိုမဆို သမိုင်း၏ စီရင်ဆုံးဖြတ်မှုကို ရဲရဲဝံ့ဝံ့ခံယူ၍ အိန္ဒိယနှင့် မြန်မာပြည်သူတို့ ပူးပေါင်းတော်လှန် အနိုင်ယူကြမည့်အကြောင်း တာဝန်ကျေပွန်စွာ ဆော်သြထားခြင်းလည်း ဖြစ်ပါသည်။

အထက်ပါ သက်သေသာဓကများအရ အိန္ဒိယတပ်မတော်ကြီးကို ဦးစီးတည်ထောင်ခဲ့သူနှင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းခဲ့သူ ဦးစီးခေါင်းဆောင်ကောင်းကြီးတဦးဖြစ်သော နေတာဂျီ ဆူဘတ်စ်ချန်ဒရာ ဘို့စ်ကို မြန်မာ့တပ်မတော်နှင့် လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်နှင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာပြည်သူများက ခေတ်အဆက်ဆက် လေးစားချစ်ခင် ကြည်ညိုအားထားခဲ့ကြကြောင်း စာဖတ်သူတို့ သဘောပေါက်ပြီးဖြစ်မည်ဟု ထင်ပါသည်။

ယခု ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက် နေတာဂျီ၏မွေးနေ့ အခါသမယတွင် နေတာဂျီဆူဘတ်စ် ချန်ဒရာဘို့စ်ဖောင်ဒေးရှင်းမှ နေတာဂျီ၏မိတ်ဆွေကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ မြန်မာ့ဒီမို ကရေစီနှင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဆု ချီးမြှင့်မည်ဟု ကြားသိရရာ “ကျလို့ နေပြည်တော် ကျပ်ပြေး ပျဉ်းမနား” (Chalo Pyinmana Nepyidaw Kyat Pyee!) ပျဉ်းမနားကျပ်ပြေးနေပြည်တော်သို့ မြန်မာပြည်သူများနှင့် မိတ်ဆွေများအားလုံးချီတက်ကြ ဟု စာရေးသူ အားပါးတရ ကြွေးကြော်မိရပါကြောင်း၊ နေတာဂျီဆူဘတ်စ်ချန်ဒရာဘို့စ်ကို လေးစားချစ်ခင် ကြည်ညိုအားထားကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားကြသူ မြန်မာပြည်သူများ၏ကိုယ်စား ဆုချီးမြှင့်ပေးသည့်အဖွဲ့နှင့် အိန္ဒိယ ပြည်သူများအား အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဤဂုဏ်ပြုဆောင်းပါးဖြင့် အသိပေးအပ် ပါသတည်း။ ။

(အကိုးအကားစာအုပ်စာတမ်းများ ငှားရမ်းကူညီကြသော ကိုပေါက်၊ ကိုချမ်း၊ ကိုဇေယျတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း)
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေးဖြင့်၊ အေးငြိမ်းချမ်းသာရကြပါစေ။

Tuesday, December 29, 2009

Searching for Disappearance of Netaji Subhas Chandra Bose

Searching for Disappearance of Netaji Subhas Chandra Bose
(The Honourable article of India’s Independence Day)
By Lan Htong Sat Suu Lay
My father, Sawbwa Sat Su alias Lan Htong U Sat Su (1901-1966), Burmese citizen but
Chinese origin, had written and published three political and biography books with Burmese. Among those three books, in 1963 published “ 75 years Hearings and 49 years Visions of Burma by U Sat Su” was included. My father U Sat Su wrote that book for “Peace of the World, Peace of the Asia, and for China-Burma-India Friendship and Peace”. His main aim of writing and publishing that book was “Could be peacefully solved for 1963, China and India Crisis”.

Saturday, December 26, 2009

Netaji Books

Subhash Chandra Bose Jayanti – Dates, Life and Activities

Subhash Chandra Bose Jayanti is the birthday celebrations of the legendary freedom fighter of India: Netaji Subhash Chandra Bose. Popularly known as Netaji, Subhash Chandra Bose was born to Janakinath Bose and Prabhavati Devi on January 23 1897, in Cuttack, Orissa. The birthday is celebrated according to the Gregorian calender i.e January 23rd of every year. This article throws light on the life and activities of Subhash Chandra Bose and the honor observed on his birthday through out India.

Life and Activities: In early days of school Subhash was a brilliant student. He topped the matriculation examination of Calcutta province in 1911 and did his Bachelors in Philosophy from the University of Calcutta. He continued his studies in Fitzwilliam Hall of the University of Cambridge with a high score in civil service exams.
Subhash entered in Indian politics after the Amritsar massacre and started the newspaper swaraj. Netaji worked under C.R. Das, then mayor of Bengal. He encountered so many up and downs in his political life. Several times, Netaji was sent to jail for fighting battle of independence. He became general secretary of the Congress party in mid 1930s and worked with Gandhiji and Pundit Jawaharlal Nehru. He took part in civil disobedience movement but he was soon cut off from the mainstream of Indian politics due to idealogical conflicts with Gandhiji.
Nataji was influenced by the teachings of Swami Vivekananda and but believed in violence for the justified reason. His slogan was “Give me blood and I will give you the independence.”Netaji faced mysterious death in a plane crash while flying to Tokyo on 18th August 1945.Honoring Netaji: Netaji is remembered for his valuable contribution to Indian Independence. His birthday is observed with great reverence though out India, especially in Orissa and West Bengal. Schools are colleges observe this by conducting several seminars and activities. Young boys and girls are dressed in military uniform and are taken in the procession around the school. Songs composed for independence are sung.